အပိုင် သေချာတဲ့ အရောင်းအဝယ်တွေ
ဘာလို့ ရှုံးရတာလဲ ❓
ကိုယ့် ရဲ့ System က Buy ဖို့ ပြောနေပြီ
ဈေးတက်မယ်လို့လည်း ယုံကြည်တယ်
ဒါပေမယ့် တကယ်လည်း ဈေးက လှုပ်ရော အထင်နဲ့ အမြင် တက်တက် စင် လွဲ သွားတာတွေ ဖြစ်ဖူးတယ် ဆိုရင် ဆက်ဖတ်ကြည့်ပါ
သေချာနားလည်အောင် ရေးပေးထားလို့ စာရှည်သွားတာတော့ သည်းခံပေးပါဦး
➖➖➖➖➖➖➖➖➖
ကျွန်တော်တို့ဟာ ဈေးကွက်ထဲမှာ အရောင်းအဝယ် လုပ်တော့မယ် ဆိုရင် လူတိုင်းလိုလို System တစ်ခုခု ကို သုံးကြပါလိမ့်မယ်
🔷 အဲ့ဒီ System တွေ က 100% စိတ်ချလို့ မရ ဖူး ဆိုတာ ကိုလည်း အခုဆိုရင် လူတိုင်းပြောလွန်းလို့ သိနေလောက်ပါပြီ
ဒါပေမယ့် ကျွန်တော်တို့ ဟာ တစ်ခါတစ်ရံ မှာ အလွန် ထူးဆန်းစွာနဲ့
" ဒီတစ်ခါတော့ ပိုင်ပြီဟေ့ "
" ဒီ အခွင့် အရေး ကြီးကိုတော့ လက်လွှတ် မခံဖူး " ဆိုပြီး System အပေါ် မျက်စိမှိတ် ယုံကြည်တတ်ပါသးတယ်
မျက်စိမှိတ် ယုံကြည်တဲ့ အတွက် ဒုက္ခများ နိုင်တယ် ဆိုတာ တော့ ထပ်ပြောစရာ လိုမယ် မထင်ပါဘူး
🔷အဲ့ဒီလို
ဖြစ်ရပ်မျိုး ကျွန်တော် ကိုယ်တိုင် ဖြစ်ခဲ့ဖူးပြီး တခြားသော Trader
တော်တော် များများ လည်း တွေ့ကြုံဖူးမယ် ထင်လို့ အခုစာလေးကို ရေးလိုက်တာပါ
ကဲ ကျွန်တော်တို့ ခေါင်းမာမာ နဲ့ System အပေါ် ယုံကြည်မှု လွန်ကဲ ရခြင်း ရဲ့ တရားခံကတော့
👉 Bias 👈 လို့ ခေါ်ပါတယ်
Trading Bias အမျိုးအစား ပေါင်းများစွာ ရှိပေမယ့်
အရောင်းအဝယ် နဲ့ သက်ဆိုင်တာကိုဘဲ ရှင်းပြပါတော့မယ်
🔷သူက ငွေကြေး သို့မဟုတ် ကုန်ပစ္စည်း တစ်ခုခုရဲ့ လှုပ်ရှားပုံ ( Market Behaviour ) ကို ခြုံငုံ သုံးသပ်ခြင်းတဲ့ဗျ
လှုပ်ရှားပုံ ဆိုတဲ့ အတွက် ဘယ်ဈေးနှုန်း မှာ ဘာဖြစ်မယ် ဆိုပြီး အတိအကျ ဖော်ပြစရာ မလိုဖူး
ဈေးနှုန်းက ဘယ်လိုလှုပ်ရှားမှု မျိုး ဖြစ်လာနိုင်တယ် ဆိုတဲ့ ခြုံငုံ သုံးသပ်ခြင်းမျိုးသာ ဖြစ်ပါတယ်
🔷ဒီလို
သုံးသပ်တဲ့ နေရာမှာလည်း ဘာကြောင့် ဘာကြောင့် ဆိုပြီး Reason ပြစရာ မလိုဘဲ
တစ်ခါတစ်ရံ စိတ်အထင် နဲ့ တောင် Bias တစ်ခု ဖြစ်လာနိုင်ပါတယ်
"ငါတော့ ရွှေ ကို ဒီအပတ် Bullish ဖြစ်မယ်ထင်တယ်, Bearish ဖြစ်မယ် ထင်တယ်" ဆိုတဲ့ အတွေး မျိုးက Bias အုပ်စုထဲမှာပါဝင်ပါတယ်
➖➖➖➖➖➖➖➖➖➖
ဒါဆို ရပါပြီ ကျွန်တော် တို့ ရဲ့ ခေါင်းမာတဲ့ ပြဿ နာ နဲ့ ဒီကောင် နဲ့ ဘယ်လို ဆက်စပ်လဲ ဆိုတာ စပြောပါတော့မယ်
မိတ်ဆွေတို့ စဉ်းစားကြည့်ပါ
🔷နည်းစနစ်ကျကျ အရောင်းအဝယ် လုပ်တာနဲ့ ခြုံငုံသုံးသပ်ခြင်း ဆိုတဲ့ Bias နဲ့ ဘယ်သူက ပိုပြီး အလုပ်ဖြစ်မယ် ထင်လဲ ?
ဟုတ်ကဲ့ မသိစိတ်က တန်းဖြေလိုက်တာတော့ " Bias ပါ " တဲ့
အဲ့ဒီ Bias အပေါ် ကျွန်တော်တို့ ရဲ့ မသိစိတ်တွေ က အရမ်း မှီခိုနေတတ်ပါတယ်
🔷ဘာကြောင့်လဲ ဆိုရင် သူက ရိုးရှင်းတယ်လေ ဈေးတက် မယ် ထင်တယ် ကျမယ် ထင်တယ် ဒါဘဲ ဘယ်ဈေးမှာ ဘာဖြစ်မယ် ဆိုပြီး အာရုံနောက်စရာ မလိုဘူး
🔶ဒါကြောင့် မသိစိတ်ထဲက ကိုယ့် ရဲ့ Bias ကို တဖြည်းဖြည်းနဲ့ နေရာပေးလာရင်း နောက်ဆုံး Trading Decision တွေ အထိပါ လာပြီး ထိခိုက်တာပါဘဲ
ဘယ်လို ထိခိုက်လဲ ဆက်မေးရင်တော့ ကျွန်ျတာ် Bullish/Bearish Bias လေးနဲ့ အရင် ရှင်းပြပါမယ်
👇👇👇👇
ဥပမာ ။ ။ ကျွန်တော်က ဒီနေ့ ရေနံ ဈေး တက်မယ် ထင်တယ် ပေါ့
မသိစိတ်ရဲ့ လှုံ့ဆော်မှု ကြောင့် အဲ့ဒီ အထင်က ပိုပိုပြီး ခိုင်မာလာပြီ
ဒီတော့ Market ကိုကြည့်တယ် . ကိုယ့်ရဲ့ System က ဈေးကျဖို့ ပြနေမယ်
😬ဒါပေမယ့် ဂရုမစိုက်ဖူး ကိုယ်က ဈေးတက်မယ် လို့ယုံကြည်နေတာလေ
ဘယ်နေရာမှာ ဈေးတက်ဖို့ ညွှန်ပြတာလေး ရှိမလဲ ဆိုပြီး အသည်းအသန် လိုက်ရှာတယ်
အထောက် အထား ခပ်သေးသေးလေး တစ်ခု တွေ့တာနဲ့ ဝင်တီး ထည့်လိုက်တော့ တာပါဘဲ
ဒီလောက်ဆိုရင် ရှေ့ဆက်ဘာဖြစ်မလဲ ကိုယ့်ဟာကိုယ်သာ တွေးကြည့်ပါတော့
ဒီလိုဖြစ်ရပ်မျိုးတွေဟာ ကိုယ့် ရဲ့ သိစိတ် ကို မသိစိတ် က အနိုင်ယူသွားတဲ့ ဖြစ်ရပ် လို့ ပြောနိုင်ပါတယ်
🔷 အဲ့ဒီမှာဘဲ ခေါင်းစဉ်တပ်ထားတဲ့ အတိုင်း အပိုင်သေချာတဲ့ setup ကြီးလို့ မသိစိတ်က ထင်ပြီး trading လုပ်တာ တွေဖြစ်လာတာပါဘဲ
ဒီ မသိစိတ်က အရမ်း အစွမ်းထက်တာကြောင့် ဒါမျိုးဖြစ်ရပ်တွေကို ရှောင်လွှဲ လို့ လည်း မရပါဘူး
ဒါပေမယ့် ကျွန်တော်တို့ ဒီကောင့် ကို လှည့်စားအသုံးချလို့တော့ ရပါတယ်
🔷အဲ့ဒါကတော့ Positive Bias တွေကို မွေးမြူခြင်းပါဘဲ
ကိုယ့်အတွက် မကောင်းတဲ့ ဈေးကွက်နဲ့ ဆန့်ကျင်တဲ့ Bias တွေကို မောင်းထုတ်ပြီး ကိုယ့်ကို အကျိုးပြုတဲ့ Bias တွေကို မွေးဖို့ပေါ့
🔷ဒီကောင်တွေကို ကောင်းတယ် မကောင်းဖူး ဘယ်လိုခွဲခြားရမလဲ , ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာတော့ နောက်ထပ် အသေးစိတ် ဆက်လက် တင်ပြသွားပါမယ်
✌️အားလုံးဘဲ Bias တွေကို သတိပြု နိုင်ကြပါစေ✌️

No comments:
Post a Comment