Saturday, March 21, 2020


ဆိုမာလီပင်လယ် ဓါးပြတွေ ရဲ့ စတော့ အိတ်ချိန်း

" Trader တွေ အမြန် ချမ်းသာမယ့်နည်းလမ်း ပေါ်လာပါပြီ

ပင်လယ်ဓါးပြတွေ ဆီမှာ ရင်းနှီးမြှုပ်နှံလိုက်ရုံပါဘဲ "

ဟုတ်ကဲ့ မှန်ပါတယ် ပင်လယ်ဓါးပြတွေ ဆီမှာ တကယ်ကို ကိုယ်ပိုင် စတော့အိတ်ချိန်း ရှိလို့ပါ📊🏴‍☠️

အခြေအနေကလည်း ဘာကာင်းသလဲ မမေးနဲ့ နှစ်စဉ် နိုင်ငံတကာ ငွေကြေးတွေ 12 ဘီလီယံ လောက်ဝင်နေတဲ့အထိ ကို ကောင်းပါတယ်💸

အံမယ် နောက်တစ်ခု ပိုပြီးအံ့သြစရာကောင်းတာက ရင်းနှီးမြှုပ်နှံဖို့အတွက် ငွေမထည့်လည်း ရပါတယ်တဲ့ဗျား

🏴‍☠️အဲ့ဒီလို ငွေမထည့်ချင်ဘူးဆိုတဲ့ သူတွေအတွက် လက်နက် ခဲယမ်း တွေ နဲ့ ရိက္ခာ တွေပါ ထည့်ဝင်လို့ရအောင် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်

အမြတ်ကဘယ်လို ရမလဲ ?

ရှင်းပါတယ် ဓါးပြတိုက်လို့ အောင်မြင်ခဲ့ရင်ပါလာတဲ့ ငွေတွေကို ဝေစု ရမှာပါ

🏴‍☠️တစ်ခါတစ်ရံ နိုင်ငံတကာ ကုန်ကူးသင်္ဘောကြီးတွေကိုများ ဖမ်းဆီးလာနိုင်ခဲ့ရင် မီလျံနဲ့ချီ ပြီးတော့ကို ပြန်ပေးငွေ တွေရနိုင်ပါသေးတယ်တဲ့

ကျွန်တော်တော့ အခုလို အခြေအနေကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှု မျိုး ကို တော်တော်စိတ်ဝင်စားပါတယ်

သို့သော် လူမိုက်အားပေး လုပ်ရမှာကိုလည်း လိပ်ပြာမလုံပြန်ဘူးဗျာ

ကဲထားပါ ဘယ်လိုရင်းနှီးမြှုပ်နှံရမလဲဆိုရင်တော့
မယုံမရှိပါနဲ့ မိတ်ဆွေ

🏴‍☠️စတော့ရှယ်ယာ တွေ ရွေးပြီးဝယ်သလိုဘဲ ပင်လယ်ဓါးပြ အဖွဲ့တွေကို အရင် ရွေးရပါလိမ့်မယ်😅

ရွေးချယ်စရာကလည်း အဖွဲ့ပေါင်း 70 ကျော်အထိ ရှိတယ်လို့ သိရပါတယ်

"အိတ်ချိန်းဟာ 24 hour ဖွင့်ပါတယ်

ရှယ်ယာရှင်တွေကိုလည်း ဘာမှကန့်သတ်ချက်မရှိပါဘူး

တစ်ကမ္ဘာလုံးက လူတွေ ပါဝင်နိုင်ပါတယ်

လူနာမည်တွေ မပေါက်ကြားဖို့လည်း အာမခံတယ်"

လို့တောင် ပင်လယ်ဓါးပြဟောင်း တစ်ဦးက Reuter သတင်းဌာန ကို ပြောခဲ့ပါသေးတယ်

အိုခေ ဒါဆိုအိတ်ချိန်းကရော ဘယ်မှာလဲ ဆိုရင် ဆိုမာလီယားနိုင်ငံ နဲ့ မိုင် 250 အကွာ " ဟာရာဒ်ဟီးဟား " ဆိုတဲ့ ရွာမှာပါ

🏴‍☠️အဲ့ဒီ ရွာကလေးဟာ သာမန် ငါးဖမ်းရွာလေး အဖြစ်ကနေ ဒီပင်လယ်ဓါးပြ လုပ်ငန်းကြောင့် ဇိမ်ခံကားတွေ နဲ့ ပြည့်နှက်နေတဲ့ မြို့တစ်မြို့ဖြစ်လာပါပြီ

နေစမ်းပါဦး ဒီကောင်တွေ အခုလို အကြီးအကျယ်လုပ်နေကြတာ အာဏာပိုင်တွေက ကြည့်နေသလားဆိုရင်တော့ အဲ့ဒီက ဒေသခံ အရာရှိ တစ်ဦးရဲ့စကားနဲ့ ဖြေပါမယ်

" ပင်လယ်ဓါးပြ လုပ်ငန်းဟာ ကျွန်တော်တို့ဆီမှာ အမြတ်အစွန်း အရဆုံးလုပ်ငန်း တစ်ခုဖြစ်ပါတယ်
ဒေသခံတွေကလည်း ဒီလုပ်ငန်းအပေါ် မှီခိုနေရသလို နယ်မြေ အစိုးရကလည်း အခွန်ပြန်ကောက်ပြီး
ဆေးရုံ , ကျောင်း အစရှိတာတွေမှာ ပြန်ရင်းနှီးမြှုပ်နှံပေးနေပါတယ်" တဲ့ဗျား

🏴‍☠️အခြားနိုင်ငံတကာ အဖွဲ့အစည်းတွေ ကလည်း ဆိုမာလီယာ နိုင်ငံတစ်ဝိုက်မှာ ကင်းပုန်းသင်္ဘောတွေ ချထားပေမယ့် အခုထိ ထိထိရောက်ရောက် မကိုင်တွယ်သေးပါဘူး

ကဲ ဒီလောက်ဆို မိတ်ဆွေတို့ သိချင်တဲ့ အဖြေရပြီးလောက်ပါပြီ

ဘယ်မှာ သွားပြီး Invest လုပ်ရမလဲတော့ ကျွန်တော် မသိတော့ပါ

စိတ်ဝင်စားစရာကောင်းလွန်းလို့သာ ဗဟုသုတ အဖြစ် ဝေမျှပေးလိုက်တာပါ

ကိုယ့်မိတ်ဆွေတွေကိုလည်း သိစေချင်ရင် လွယ်လွယ်လပ်လပ် Sharing လုပ်နိုင်ပါတယ်ခဗျား🙌


Source : WallstreetJournal

No comments:

Post a Comment