ဈေးကွက်ထဲမှာ ရောက်နေတာကြာပြီ
လေ့လာသင့် လေ့လာထိုက်တာတွေလည်း အကုန် သိပြီ 😇
ဒါပေမယ့် Trading လုပ်တဲ့နေရာမှာ တော့ ကိုယ်ပိုင်စနစ် တစ်ခု မရှိသေးဖူးလား ❓
ဟုတ်တာပေါ့ ဘယ်သူမဆို ကိုယ့်ခြေကိုယ့်လက်နဲ့ ဖန်တီးထားတဲ့ နည်းစနစ်တွေကိုဘဲ သုံးချင်မှာပေါ့
ဒါကြောင့်
မိတ်ဆွေ များ အားလုံးအတွက် ကိုယ့်စိတ် ကြိုက် system တစ်ခု ကိုဖန်တီးတဲ့ နေရာ မှာ စစ်ဆေး သင့်တဲ့
🔰Basic Checklist (6) ခု ကိုပြောပြ လိုက်ပါပြီ
အားရပါးရ ပြောထားတဲ့ အတွက်
စာနည်းနည်း တော့ရှည်ပါလိမ့်မယ်
👇👇👇👇👇
1. အချိန်ရွေး
System တစ်ခု ကို မဖန်တီးခင် ပထမဆုံး စဉ်းစားရ မှာက ကိုယ်က ဘယ်လို အချိန်ကာလ အတိုင်းအတာတွေ မှာ Trade ချင်တာလဲ ဆိုတာပါဘဲ
ဥပမာ ။ ။
နေ့ချင်းပြီး အရောင်းအဝယ်တွေ လုပ်ချင်တဲ့ Day Trader လို လူမျိုး လား
ဒါမှမဟုတ်
အချိန် အနည်းငယ်စောင့်ပြီး အေးဆေး ရောင်းဝယ်မယ့် Swing Trader လို လူမျိုးလား
စသည်ဖြင့် စဉ်းစားရပါမယ်
ဒါကို သေချာစဉ်းစားပြီးမှ သာ ကိုယ့်ရဲ့ personality နဲ့ ကိုက်ညီ တဲ့ Time Frame တစ်ခု ကို အာရုံစူးစိုက်မိ ပါလိမ့်မယ်
သုံးတာကတော့ Timeframe အကုန်လုံးသုံးမယ် ဒါပေမယ့် ကိုယ် တကယ် အရောင်းအဝယ် ဝင်လုပ်မယ့် Time Frame ကို ပိုပြီး အာရုံစူးစိုက်တာမျိုး ကို ဆိုလိုပါတယ်
ကိုယ် ရွေးချယ်ထားတဲ့ TimeFrame ရဲ့ သဘောသဘာဝ တွေကို ရင်းနှီးလာပြီဆိုရင် ဒါ ပထမ အဆင့် ပြီးပါပြီ
➖➖➖➖➖➖➖➖
2. Trend ရှာ
ဈေးကွက်ထဲမှာ Technical ရဲ့ အသက်က Trend လို့ ပြောတာတွေ ကြားဖူးကြလားမသိဖူး
ဟုတ်ကဲ့ အဲ့ဒါ မှန်ပါတယ်
ဘယ်လို ပုံစံ နဲ့ဘဲ အရောင်းအဝယ် လုပ်ပါစေ ဈေးနှုန်း လားရာ ဖြစ်တဲ့ Trend ကို မသိရင် အင်မတန် အန္တရာယ် များပါတယ်
ဒါကြောင့် Trend ကို သိနိုင်မယ့် စနစ် တစ်ခု သုံးရပါလိမ့်မယ်
ရှေ့က ဖြစ်ခဲ့တဲ့ Trend , လက်ရှိ Trend, နောင်ဖြစ်လာနိုင်တဲ့ Trend စသည်ဖြင့် သုံးမျိုးလုံး ရှာနိုင်ရင်ပိုကောင်းပါတယ်
ဘယ်လိုရှာရမလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ အရင်က supersunday video ဖြစ်တဲ့ ဒီမှာကြည့်ပါ
👇👇👇👇👇
(https://m.facebook.com/
➖➖➖➖➖➖➖➖
3. Trend ကို အတည်ပြု
အဆင့် 2 မှာ ရှာဖွေ တွေ့ရှိထားခဲ့တဲ့ Trend တွေ ကိုတန်းပြီး အသုံးချလို့မရသေးပါဖူး
ဘာလို့လဲဆိုတော့ ဈေးကွက်ထဲမှာ ဘယ်လိုသုံးသပ်ချက်မျိုး မဆို အမြဲတမ်း ခိုင်မာတယ်, မှန်ကန်တယ် လို့ ယူဆ လို့ မရလို့ပါ
ကျွန်တော်တို့ဟာ ဒီလို မရေရာ တဲ့ ဈေးကွက်ထဲမှာ ကိုယ့် သုံးသပ်ချက်တွေ မှန်ကန်အောင် တတ်နိုင်သမျှ ကြိုးစားပြီး Confirmation တွေ အများကြီးယူရပါတယ်
ခု Trend မှာလည်း အဲ့လိုပါဘဲ
ကိုယ်ရှာဖွေတွေ့ရှိထားတဲ့ Trend ဟာ ခိုင်မာမှု ရှိရဲ့လား, အလားအလာ ကောင်းရဲ့လား ဆိုပြီး အတည်ပြုမယ့် အဆင့်ကို ချန်ထားလို့မရပါဖူး
ဒီနေရာမှာ Basic Indicator များ အပြင် အခြားသော ကိုယ် ကျွမ်းကျင်ရာ စနစ် တစ်ခုခု ကို သုံးနိုင်ပါတယ်
➖➖➖➖➖➖➖➖
4. ရှုံးဖို့ ပြင်
ဆုံးရှုံးမှု အကြောင်းကို ဘယ်သူမှ မကြားချင်ဖူးဆိုတာ သိပေမယ့်လည်း ချန်ထားလို့မရလို့ ပြောရပါဦးမယ်
Trading System တစ်ခုကို ဖန်တီးမယ်ဆိုတာနဲ့ ဒီစနစ် ကိုသုံးလို့ ရှုံးခဲ့ရင် ပမာဏ ဘယ်လောက် အရှုံးခံမလဲ ဆိုတာကို မဖြစ်မနေ တွက်ချက်ရပါလိမ့်မယ်
ဒီလို တွက်ချက်ပြီးသားဖြစ်မှ သာလျင် တကယ့်လက်တွေ့ အရှုံးတွေ မြင်လာရ တဲ့အချိန်မှာ ရင်ဆိုင်ဖို့ ရယ်ဒီဖြစ်မှာပါ
ဒီနေရာမှာ တစ်ခုသတိထားရမှာက ကိုယ်သတ်မှတ်လိုက်တဲ့ အရှုံး (Risk) ဟာ ဘယ်သူ ဘယ်ဝါ နဲ့ မှ တူစရာ မလိုဖူး ဆိုတာပါဘဲ
လူတိုင်းမှာ ကိုယ်ပိုင်အယူအဆ အတွေးအခေါ် တွေ ရှိကြပါတယ်
တစ်ယောက်နဲ့ တစ်ယောက် လည်း ဒီလို risk ပမာဏ သတ်မှတ်ပုံချင်း ဘယ်လိုမှ မတူနိုင်ပါဖူး
ဒါကြောင့် ကိုယ်နဲ့ တကယ်အဆင်ပြေမယ့် ပမာဏ တစ်ခုကို Money/Risk management လေးသေချာသုံးပြီး ဆုံးဖြတ်လိုက်ပါ
➖➖➖➖➖➖➖➖
5. အဝင်အထွက်
Risk ပမာဏ ကိုသတ်မှတ်ပြီးတာနဲ့ ကိုယ့်အတွက် ဘယ်လိုပုံစံ နဲ့ ဈေးကွက်ထဲမှာ အဝင်အထွက် လုပ်မလဲ ဆိုတာ စဉ်းစားရပါလိမ့်မယ်
အဝင် (Entry)
Entry ကို ဝင်တဲ့ နေရာမှာ လူတိုင်းကတော့ ကိုယ် သတ်မှတ်ထားတဲ့ အခြေအနေ ကိုယ့်ရဲ့ နည်းဗျူဟာ တွေနဲ့ ကိုက်ညီတဲ့ အချိန်မှာ ဝင်ကြပါတယ်
ဒါပေမယ့် မတူတာ တစ်ခုက တချို့ က ဗျူဟာ ထဲ ဝင်တာနဲ့ ချက်ချင်း ရောင်းဝယ်တာတွေလုပ်တယ်
တချို့ကတော့ Price Action ခေါ်တဲ့ ဈေးနှုန်း လှုပ်ရှားမှု လေးတွေကို ကြည့်ပြီးမှ ဝင်တတ်ကြပါတယ်
ဘယ် ပုံစံက ပိုကောင်းလဲ ဆိုတာတော့ အတော်ပြောရခက် ပေမယ့် အသုံးပြုတဲ့ နည်းဗျူဟာ အပေါ်ဘဲ မူတည်လိမ့်မယ် လို့ ယူဆရပါတယ်
အထွက် ( exit )
Exit လုပ်တဲ့နေရာ မှာတော့ နည်းစနစ်လေး နှစ်မျိုး ကွဲသွားတတ်ပါတယ်
ပထမ တစ်မျိုးက ကိုယ် မှန်းထားတဲ့ ဈေးနှုန်းတစ်ခုကို Target ထားပြီး ကွက်တိ exit လုပ်တဲ့ပုံစံမျိုးပါ
ဒီနေရာ မှာ Trader တော်တော်များများ သတ်မှတ်တဲ့ Exit တွေကတော့ Resistance နဲ့ Support Area တွေ ဖြစ်တတ်ပါတယ်
Resistance/Support ကိုမသိသေးရင် ဒီမှာလေ့လာပါ
👇👇👇👇👇
https://m.facebook.com/
ဒုတိယ တစ်နည်းကတော့ Trailing Stoploss ခေါ်တဲ့ အရှုံးသတ်မှတ်ထားတဲ့ ဈေးနှုန်း ကို လိုက်ရွှေ့တဲ့ နည်းပါ
ကိုယ် လုပ်ထားတဲ့ Transaction တစ်ခု က မြတ်နေပြီ ဆိုတာနဲ့ ဈေး အလှုပ်အခတ်မှာ မလိုလားအပ်တဲ့ ဆုံးရှုံးမှု တွေ မဖြစ်အောင် Stoploss ကို အပေါ် , အောက် , Entry စသည် ဖြင့် လိုအပ်သလို ရွှေ့ထားတဲ့ ပုံစံ မျိုးပါ
ဒါလည်း ဘယ်စနစ်က ပိုကောင်းလဲ လို့ ဖြေလို့မရပါဖူး
ကိုယ့်ရဲ့ strategy အပေါ်ဘဲ မူတည်ပါလိမ့်မယ်
ဒီမှာ တစ်ခုရှိတာက အရေးပေါ် exit ကို လည်း သတ်မှတ်ထားခွင့်ရှိတယ် ဆိုတာ ပါ
ဈေးတန်းအသွားအလာဟာ မူမမှန်ဖူး လို့ ယူဆထားတဲ့ အခြေအနေ တစ်ခုကိုရောက်တာနဲ့ တန်းပြီး exit လုပ်တဲ့ သဘောပါ
ဒီလိုလုပ်နိုင်ဖို့ ကတော့ အတွေ့အကြုံ နဲ့ လေ့လာအား တွေ များများ လိုပါလိမ့်မယ်
➖➖➖➖➖➖➖➖
6. စည်းကမ်းလိုက်နာ ဘေးကင်းကွာ
ဒီအပိုင်းက အချက် 6 ချက်လုံး မှာ အရေးအကြီးဆုံး အပိုင်းပါ
Trader တစ်ယောက် အောင်မြင်ဖို့ အတွက် မရှိမဖြစ် အရာ ထဲမှာ " စည်းကမ်း " ပါဝင်ပါတယ်
ကိုယ် ကိုယ်တိုင် စနစ်တကျ ချ မှတ်ထားတဲ့ နည်းစနစ် တွေ ကိုမှ သေချာမလိုက်နာ ဖူး ဆိုရင် ဘယ်လောက်ကောင်းတဲ့ Strategy ဘဲ ဖြစ်ပါစေ အမြတ်ရှာပေး နိုင်မှာမဟုတ်ပါဖူး
ဒါကြောင့်မို့ ကိုယ်က နည်းစနစ်တစ်ခု သတ်မှတ်ပြီးတာနဲ့ စာအုပ်ထဲမှာ သေချာ ချရေးပြီးကို မှတ်သားလိုက်နာသင့်ပါတယ်
➖➖➖➖➖➖➖➖
ကိုယ့်မှာ သိထားတာတွေ များနေပြီ
strategy တစ်ခု ဖန်တီးချင်တယ်
ဆိုရင် တော့ အပေါ် က အချက် (6) ချက် ကို အခြေခံပြီး ပြင်ဆင်ထားလိုက်ပါ
နောက်ရက်တွေ မှာ မိတ်ဆွေတို့ ဖန်တီးလိုက်တဲ့ Strategy ကို ဘယ်လို စစ်ဆေး ရ မလဲ ဆိုတဲ့ အချက်တွေကို ထပ်ပြောပြပါဦးမယ်
ဒါနဲ့
အခုပြောခဲ့တဲ့ 6 ချက်လုံးဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ နည်းစနစ် တွေအပေါ် အခြေခံပြီး ထောင်သောင်းမက ကွဲပြားနေနိုင်ပါတယ်
မည်သို့ပင် ဆိုစေကာမူ မိမိ ကိုယ်ပိုင် အတွေးအခေါ် သည်သာ အကောင်းဆုံးဖြစ်သည် ဆိုတာကို မမေ့ကြပါနဲ့
အားလုံးဘဲ See you ပါ

No comments:
Post a Comment